MJI Notice Book

Some information of
Myanmar Journalism Institute
Notice Book

More Info...

Welcome to Myanmar Journalism Institute

Why Myanmar Journalism Institute?


ပြည်တွင်းသတင်းမီဒီယာနှင့် သတင်းသမားအဖွဲ့အစည်း ၃၉ ခုတို့က မြန်မာသတင်းပညာသိပ္ပံ ကို ၂၀၁၄ ခုနှစ် မေလတွင် တည်ထောင်ခဲ့ကြသည်။ မြန်မာသတင်းပညာသိပ္ပံကို နိုင်ငံတကာ အဖွဲ့အစည်းအချို့၏ ကူညီထောက်ပံ့မှုဖြင့် ပြည်တွင်းအဖွဲ့အစည်းများကပင် ဦးဆောင်လုပ်ဆောင်နေပြီး ပြည်တွင်းအဖွဲ့အစည်းများကပင် ပိုင်ဆိုင်ခြင်းဖြစ်သည်။ ဦးဆောင်တည်ထောင်သည့် အဖွဲ့များက မြန်မာသတင်းမီဒီယာနယ်ပယ်၏ စွမ်းရည် မြှင့်တင်ရေး သတင်းပညာရှင်ပီသစွာ ဆောင်ရွက်နိုင်ရေး၊ လွတ်လပ်စွာထုတ်ဖေါ်ပြောဆိုခွင့်မြှင့်တင်ရေးတို့ကို ဦးတည်၍ သတင်းပညာသင်ကြားသည့် ကျောင်းပေါ်ပေါက်လာစေရန် တည်ထောင်ခဲ့ကြခြင်းဖြစ်သည်။

မြန်မာသတင်းပညာသိပ္ပံ MJI သည် အချိန်ပြည့် မာလ်တီမီဒီယာဒီပလိုမာသင်တန်း ဖွင့်လှစ်သင်ကြားပေးနောသော မြန်မာနိုင်ငံ၏ တစ်ခုထည်းသော လွတ်လပ်စွာရပ်တည် နေသည့်သတင်းပညာသင်ကြားသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည်။ MJI သည် အချိန်ပြည့်ဒီပလိုမာသင်တန်းအပြင် လက်ရှိသတင်းအလုပ်လုပ်ကိုင်လျက်ရှိသည့် သတင်းသမားများ အနေဖြင့် ၎င်းတို့၏ ကျွမ်းကျင်မှုကိုမြှင့်တင်နိုင်စေမည့် အချိန်ပိုင်းဒီပလိုမာသင်တန်းများကိုလည်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိပါသည်။ ထို့အပြင် အထူးပြုသင်တန်းများဟု ခေါ်ဆိုကြသည့် အထူးပြုအကြောင်းအရာ တစ်ရပ်ရပ်နှင့်ပတ်သက်၍သတင်းတင်ပြခြင်းအတတ်ပညာကို သင်ကြားပေးသည့် သင်တန်းမာျးလည်း ဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါသည်။ ယင်း အထူးပြုသင်တန်းများ အနက် ပဋိပက္ခဂရုပြုသတင်းရေးသားခြင်း၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဆိုင်ရာ သတင်းရေးသားခြင်း နှင့် Data Journalism သတင်းစာပညာ နှင့် လူမှုအသိုက်အဝိုင်း ရေဒီယို အစရှိသည့် အကြောင်းအရာများ ပါဝင်သည်။

ကမ္ဘာတဝှမ်းရှိ သတင်းစာပညာသင်ကြားရေးကျောင်းအများအပြားနှင့် MJI ချိတ်ဆက်ထားရှိပြီး ကျွမ်းကျင်သည့် နိုင်ငံတကာ နှင့် ပြည်တွင်း သတင်းပညာသင်တန်းဆရာများက သင်ကြားပေးခြင်း၊ ရေဒီယို၊ ဗွီဒီယို၊ ရုပ်သံ နှင့် သတင်းဓါတ်ပုံပညာ အစရှိသည့် သက်ဆိုင်ရာ အကြောင်းအရာအလိုက် ကျွမ်းကျင်သည့် သင်တန်းဆရာများက သင်ကြားပေးလျက်ရှိပြီး MJI သည် နိုင်ငံတကာက အသိအမှတ်ပြုသည့် အကောင်းဆုံးသော သင်ကြားနည်းစနစ်များဖြင့် ပြည်တွင်းသတင်းမီဒီယာသမားများအား လေ့ကျင့်သင်ကြားပေးလျက်ရှိသည့် နေရာဌာနတခုလည်းဖြစ်သည်။

ပြည်တွင်းသတင်းဌာနများနှင့် ပြည်ပသတင်းဌာနရုံးခွဲများကလည်း MJI သင်တန်းဆင်းများကို အကောင်းဆုံးလေ့ကျင့်ပေးထားသည့် သတင်းသမားများအဖြစ် အသိအမှတ်ပြုကြပြီး သင်တန်းဆင်းပြီး မကြာမီအချိန်အတွင်း သတင်းဌာနကြီးများ၌ ဝင်ရောက်လုပ်ကိုင်နေကြသည်။ ၂၀၁၄ ခုနှစ် ဇူလိုင်လမှ ယခုအချိန်ထိ MJI အနေဖြင့် အမြို့မြို့အနယ်နယ်မှ သတင်းသမားပေါင်း ၅၀၀ ကျော်ကို လေ့ကျင့်သင်တန်းပေးခဲ့ပြီးဖြစ်သည်။

Latest News


Be A News Literate by Checking Your Facts With the hike of digitalization across the globe, traditional media is not the only channel for distribution and consuming information.....

A Young Voice at Vietnam Internet Forum: Interview with BUI LE ANH THU Thu, 24, is the youngest panelist being invited for Vietnam Internet Forum (VIF19) under the theme of “Digital for Good”.....

Welcome to MJI News What is the amazing MJI News...
Our MJI News will commingsoon

Welcome To MJI News What is the amazing MJI News...
Our MJI News will commingsoon

All updates
Full time Diploma

MJI ၏ အချိန်ပြည့်ဒီပလိုမာသင်တန်းတွင် အခြေခံသတင်းပညာ၊ သတင်းရေးသားခြင်း၊ ရေဒီယိုသတင်းထုတ်လုပ်ခြင်း၊ ဗွီဒီယိုသတင်းထုတ်လုပ်ခြင်း၊ သတင်းဓါတ်ပုံပညာနှင့် အွန်လိုင်း သတင်းပညာ၊ မီဒီယာဥပဒေ၊ ကျင့်ဝတ်၊ သတင်းဆောင်းပါးရေးသားခြင်း၊ အစိုးရအုပ်ချုပ်ပုံစနစ် နှင့် ကျားမရေးရာဆိုင်ရာ အကြောင်းအရာများအထိ ပါဝင်ထည့်သွင်းထားပါသည်။ .....

Specialised Courses

The MJI Part-Time Diploma Course has modules that include basic journalism, ews writing, radio reporting, video reporting, photo journalism, online journalism, media law and ethics. It has face to face teaching six half days a month, and online E-Learning modules for the other three...

Other Courses

The MJI Part-Time Diploma Course has modules that include basic journalism, ews writing, radio reporting, video reporting, photo journalism, online journalism, media law and ethics. It has face to face teaching six half days a month, and online E-Learning modules for the other three...

Our Patners