Myanmar Journalism Institute

Some information of Myanmar Journalism Institute

More Info...

အချိန်ပြည့် Diploma သင်တန်း

MJI ၏ အချိန်ပြည့်ဒီပလိုမာသင်တန်းတွင် အခြေခံသတင်းပညာ၊ သတင်းရေးသားခြင်း၊ ရေဒီယိုသတင်းထုတ်လုပ်ခြင်း၊ ဗွီဒီယိုသတင်းထုတ်လုပ်ခြင်း၊ သတင်းဓါတ်ပုံပညာနှင့် အွန်လိုင်း သတင်းပညာ၊ မီဒီယာဥပဒေ၊ ကျင့်ဝတ်၊ သတင်းဆောင်းပါးရေးသားခြင်း၊ အစိုးရအုပ်ချုပ်ပုံစနစ် နှင့် ကျားမရေးရာဆိုင်ရာ အကြောင်းအရာများအထိ ပါဝင်ထည့်သွင်းထားပါသည်။ အဲဒါ့အပြင် မြန်မာနိုင်ငံရှိ ထင်ရှားတဲ့ သတင်းမီဒီယာဌာနများတွင် ၂ လတာ လက်တွေ့ သတင်းလိုက်ခြင်း အစီအစဉ်လည်း ပါဝင်ပါသည်။

MJI မှ သင်တန်းဆရာများမှာ သက်ဆိုင်ရာအကြောင်းအရာအလိုက် ကျွမ်းကျင်စွာသင်ကြားပြသနိုင်ရန် အတွက် ဆရာဖြစ်သင်တန်းများစွာကို လေ့လာသင်ယူခဲ့ သင်ယူနေဆဲလည်းဖြစ်ပါသည်။ သက်ဆိုင်ရာအကြောင်းအရာ နည်းနာများကို အထူးပြု နိုင်ငံတကာသင်တန်းဆရာများထံမှ သင်ရိုးအလိုက် လေ့လာသင်ယူ လျက်ရှိပါသည်။ MJI ၏ အချိန်ပြည့်ဒီပလိုမာသင်တန်းသည် နိုင်ငံတကာ သင်ရိုးစံနှုန်းများနှင့် ကိုက်ညီပြီး ယူနက်စကိုအဖွဲ့၏ အသိအမှတ်ပြုမှုကိုလည်း ရရှိထားပါသည်။ အချိန်ပြည့်သင်တန်းဆင်းပြီးနောက်တွင် သင်တန်းဆင်းအများအပြား သတင်းမီဒီယာဌာနများတွင် အလုပ်အကိုင်ရရှိပြီး ဆက်လက်လုပ်ကိုင်လျက်ရှိကြပါသည်။

အချိန်ပြည့်ဒီပလိုမာ သင်တန်းအတွက် သင်တန်းသားရွေးချယ်ရာ၌ စံသတ်မှတ်ချက်များချမှတ်ထားရာတွင် တကိုယ်ရေစိတ်နေသဘောထား၊ လူမျိုးနွယ်စု၊ ကျားမအချိုးအစားမျှတမှု အစရှိသည်တို့ပါဝင်ပါသည်။ MJI တွင် ကိုယ်ပိုင်ကျောင်းနေရာနှင့် သင်တန်းဆိုင်ရာ ပစ္စည်းပစ္စယများလည်း စုံလင်စွာထားရှိပါသည်။

အသေးစိတ် ထပ်မံသိရှိလိုပါက info@mjimyanmar.org ကိုဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။

Please click the following Enroll Button to Apply this course.

Enroll Now